BUS များ နှင့် ၄င်းတို့၏ Body Builder များအကြောင်း


#မင်္ဂလာပါ။
ကျွန်တော် တို့ Myanmar Bus Review Team Page တွင် ဒီကနေ့ဖော်ပြမယ့် အကြောင်းအရာကတော့ ယနေ့လက်ရှိ မြန်မာနိုင်ငံမှာအသုံးပြုနေကြတဲ့ 45 Seaters(မြန်မာအခေါ် Express) ကားများအကြောင်းကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား လုံးဝသိရှိနားလည်အောင် ကျွန်တော်တို့ Admin အဖွဲ့သားများမှ သိရှိလေ့လာထားသမျှပညာ ရပ်အတွေ့အကြုံလေးများကိုမျှဝေရေးသားတင်ပြသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လက်ရှိအသုံးပြုနေသော Bus ကားများအကြောင်းမပြောခင် စာဖတ်သူများရောထွေးနေတဲ့ အကြောင်းအရာတခုကို ကွဲကွဲပြားပြားပြားသိရှိအောင် ခွဲခြားပြပါ့မယ်။

လူအများစု ရောထွေးပြီး ကွဲကွဲပြားပြားမသိတဲ့ အကြောင်းအရာကတော့ Scania ဆိုလျှင် SKS,Marcopolo ဆိုပြီး လှေနံဒါးထစ် ပြောနေကြတဲ့ အကြောင်းကို အရင်ဆုံး ရှင်းပြပေးပါရစေခင်ဗျာ။

ပထမဦးဆုံး အဓိက အပိုင်း ၂ ခု သတ်မှတ်ပါ့မယ်။Body Builder နဲ့ Chassis(Engine) ပါ။အများအားဖြင့် အဲ့ဒီ၂ ခုကို မခွဲခြားတတ်ပဲရောထွေး နေကြပါတယ်။အမှန်က Body Builder က သပ်သပ် Chassis က သပ်သပ်ပါ။

#BODY_BUILDERဆိုတာ
===================

ကားတစ်စီးလုံးအတွက် လိုအပ်မည့် Body တစ်ခုလုံးကို ကိုယ်ပိုင် Design ရေးဆွဲပြီး ထုတ်လုပ်ရောင်းချပေးသည့် Company တွေပဲဖြစ်ပါတယ်။ ဥပမာဗျာ ကားတစ်စီးမှာ အောက်ပိုင်း(ဘီး၊အင်ဂျင်)တွေပေါ့ ၊ အပေါ်ပိုင်း ခရီးသည်အခန်း မှန် Design , Body Design အစရှိတာတွေက Body အစိတ်အပိုင်းတွေပေါ့။
ကားအောက်ပိုင်း CHASSIS ကို အပေါ်က နေပြီးတော့ မိမိ ကြိုက်နှစ်သက်တဲ့ Company Body ကို ပြန်အုပ်လိုက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ Rank တခုအနေနဲ့ ထိပ်ဆုံးက ရပ်တည်ပီး အသုံးပြုနေတဲ့ Body Builder. 3 ခုရှိပါတယ်။အဲ့ဒီ Body Builder 3 ခုကတော့ SKS, MARCOPOLO နှင့် NEOPLAN တို့ ပဲဖြစ်ပါတယ်။ (အလျဉ်းသင့်သလိုBody Builderများအကြောင်းထပ်မံဖော်ပြသွားပါဦးမည်။)

#CHASSISဆိုတာ
Chassis ဆိုတာကတော့ ကားအောက်ပိုင်း တစ်စုံလုံး ဆိုပါစို့ Body ဝယ်ယူပြီးပြီဆိုရင် မိမိ နှစ်သက်ရာ Company ရဲ့ Chassis နဲ့တွဲလိုက်တာပါ။ အပေါ်က Body Builder နဲ့ပြောင်းပြန်ပေါ့ခင်ဗျာ။
လက်ရှိမြန်မာနိုင်ငံမှာ Rank တခုအနေနဲ့ ထိပ်ဆုံးက ရပ်တည်ပီး အသုံးပြုနေတဲ့ CHASSIS များကတော့ SCANIA , MAN နှင့် VOLVO တို့ပဲ ဖြစ်ပါတယ်။

ဥပမာ- SKS body ကို Scania အင်ဂျင်နဲ့တွဲပါတယ်။
Marcopolo body ကို Scania အင်ဂျင်နဲ့တွဲပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုမှုအများဆုံးဖြစ်တဲ့ SKS Body Builder ၂ မျိုး အကြောင်း ပထမဦးစွာ ရှင်းပြပါ့မယ်။မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ SKS Body Builder Model ၂မျိုးပဲရှိပါတယ်။(ပုံနှင့်စာတွဲပြထားပါသည်)။SKS e128i နှင့် SKS e128d တို့ ပဲ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် SKS e128i Body Builder ကို
Scania K360ib4×2nb(HP360) Chassis Engineနှင့်
Scania K380ib4×2nb(HP380) Chassis Engine ဖြင့် ၂မျိုး အများဆုံးတွေ့ရှိရပါတယ်။(Elite Expressမှစပီးတင်သွင်း)။

နောက်ထပ်အနည်းငယ်တွေ့ရှိရသည့် Model မှာ
SKS 128d Body Builder ကို
Scania K410eb6×2nb(HP410) Chassis Engine ၈ဘီး လိုက်တန်း ၂ ထပ်ကားအဖြစ် Elite Express တွင် ၃စီး (ပြေးဆွဲခွင့်မပြု) ရှိပီး ထို Model Chassis ကို Modified ပြုလုပ်ပီး အောက်ထပ် တစ်ထပ်ဖျောက်၍တစ်ထပ်အသွင်ပြောင်းလဲကာ
Mandalar Minn Expressတွင် လက်ရှိပြေးဆွဲလျှက်ရှိ ပါတယ်။

မြန်မာနိုင်ငံတွင် SKS Body Builder ၂မျိုး ကို Scania Chassis Engine ၃ မျိုးဖြင့် အများဆုံးအသုံးပြုနေကြပီး SKS e128i Body Builder ကို HINO p11c, NISSAN pf6 Chassis Engine များဖြင့် (ဘုန်းမြတ်ပိုင် ယာဉ်လိုင်း)တွင် လက်ရှိ ပြေးဆွဲအသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါတယ်။

ဒါဆိုရင်တော့ Body Builder နှင့် Chessis ကိုခွဲခြား သိရှိနိုင်ပြီလို့ မျှော်လင့်ပါတယ်ခင်ဗျာ။

Scania တိုင်း SKS , Marcopolo မဖြစ်နိုင်သလို SKS,Marcolopo တိုင်းလည်း  Scania မဟုတ်ကြတာကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

(မြန်မာနိုင်ငံတွင်အသုံးမပြုသော SKS Body Builder မျိုးဆက်များလဲရှိပြီး ထို Model များကို အလျဉ်းသင့်သလို ဖော်ပြပေးသွားပါဦးမယ်ခင်ဗျာ)





Comments